

Mae Fah Luang University ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် (Chiang Rai) မြို့မှာ တည်ရှိတဲ့ နာမည်ကြီး ထိပ်တန်း Public University တစ်ခုဖြစ်ပါတယ်။ Business, IT နဲ့ Health Sciences ပိုင်းတွေမှာ နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ မြန်မာကျောင်းသားကျောင်းသူအများအပြား တက်ရောက်နေတာကြောင့် Myanmar Community ကြီးမားပြီး နွေးနွေးထွေးထွေးနဲ့ Welcome ဖြစ်တဲ့ တက္ကသိုလ်တစ်ခုပါ။
Public Health
Health & Medicine
Medicine · Nursing · Pharmacy · Dentistry · Public Health · Medical Technology
Business Administration
Business & Economics
Business Admin · Accounting · Finance · Marketing · International Business · Economics
Digital Technology
Computing & IT
Computer Science · Software Engineering · Data Science · AI · Cybersecurity
Tourism
Tourism & Hospitality
Hotel Management · Tourism · Culinary Arts · Event Management · Aviation

QS World Ranking
#N/A

Times Higher Education
#1001
University Achievement Highlights
#1 International Outlook in Thailand
#2 University in Northern Thailand
◾သဘာဝနဲ့ နီးချင်တယ်
◾International environment ရှိချင်တယ်
◾Peaceful lifestyle ကို ကြိုက်တယ်
◾မြန်မာနိုင်ငံနဲ့ Cultural Feeling နီးစပ်တာမျိုးလိုချင်တယ်ဆိုရင်
Mae Fah Luang University (MFU) က မြန်မာကျောင်းသားတွေအတွက် အရမ်းသင့်တော်တဲ့ တက္ကသိုလ်တစ်ခုပါ။
MFU ဟာ Internation Program အများဆုံးရှိတဲ့ ထိုင်းတက္ကသိုလ် ဖြစ်ပါတယ်။ မေဂျာပေါင်း (၄၀) နီးပါးရှိပြီး Engineering, Medicine, Technology, Science စသဖြင့် နယ်ပယ်အစုံ ရွေးချယ်တက်ရောက်နိုင်ပါတယ်။
MFU ကို လျှောက်ဖို့အတွက် English Proficiency Test မဖြစ်မနေ ရှိစရာမလိုပဲ Placement Test ဖြေပြီး ဝင်ခွင့်ရနိုင်ပါတယ်။
MFU Campus ကို ပထမဆုံးမြင်တဲ့ ကျောင်းသားအများစုက “ဒီဟာ တက္ကသိုလ် Campus လား Resort လား?” ဆိုပြီး မေးခွန်းထုတ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျယ်ပြန့်တဲ့ Campus ထဲမှာ တောတောင်မြင်ကွင်းတွေ၊ လှပတဲ့ ပန်းဥယျာဉ်တွေ၊ အေးချမ်းတဲ့ ရာသီဥတု၊ စိမ်းလန်းတဲ့ သစ်ပင်တွေက တည်ရှိနေလို့ပါပဲ။ ဒါကြောင့်လည်း MFU ကို “The University in the Park” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
MFU Student community က အရမ်းဖော်ရွေမှုရှိပြီး Campus ပတ်ဝန်းကျင်က Safe & Peaceful ဖြစ်ပါတယ်။ ဒါကြောင့် ပထမနှစ် ကျောင်းသားတွေအတွက်တောင် ဖိအားနည်းစေနိုင်ပြီး တက္ကသိုလ်ဘဝကို Adjust လုပ်ရတာ ပိုမိုလွယ်ကူနိုင်စေပါတယ်။
MFU campus ထဲမှာ
◾Dormitories
◾Cafes
◾Food courts
◾သွားလာရေးအတွက် Shuttle Bus များ
◾Sports facilities
◾Convenience stores တွေနဲ့ အပြည့်အစုံ ရှိပါတယ်။ Campus က Mini-city လေးတစ်ခုလိုမျိုး တည်ရှိနေတာဖြစ်ပါတယ်။
MFU ဟာ တခြား တက္ကသိုလ်တွေထက် Tuition Fees ထက်ဝက်နီးပါး သက်သာပါတယ်။ ဒါ့အပြင် နယ်မြို့ကလေးဖြစ်တဲ့အတွက် နေထိုင်စရိတ်၊ စားစရိတ်တွေဟာလည်း အနည်းဆုံးပမာဏမှာ ရှိပါတယ်။
တောင်တန်းတွေနီးပြီး အေးချမ်းလှပတဲ့နေရာ ဖြစ်ပေမယ့် အခွင့်အလမ်း ပိုပြီးပေါများတဲ့ မြို့ပြနဲ့တော့ ဝေးကွာပါတယ်။
ကျောင်းစတက်မယ့် ကျောင်းသားအသစ်တွေအနေနဲ့ အဆောင်လခမဖြစ်မနေ သွင်းရပြီး ကျောင်းပြင်ပမှာ ကိုယ်ပိုင်နေထိုင်ချင်သူတွေအတွက် အခက်အခဲဖြစ်ပါတယ်။
နှစ်စဥ််ပေးနေကျ ပညာသင်ဆုပရိုဂရမ်များရှိပေမယ့် ကျောင်းသားအချိုး၊ တခြားတက္ကသိုလ်များနဲ့ယှဥ််််ရင် ပညာသင်ဆုပေးတဲ့ အခွင့်အလမ်းနည်းပါတယ်။
What our community says about Mae Fah Luang University
Studying Tourism and Business Events at Mae Fah Luang University means gaining a lot more than just a standard industry degree. From my very first semester, I am building a solid business background in Accounting, Entrepreneurship and Marketing which prepares me for specialized travel and event management courses in my senior years. My time here is a constant mix of classroom lectures, practical projects, and field trips where I can actively sharpen my communication and collaboration skills. This program gives me a combination of strong business fundamentals, and the real-world skills needed to succeed in the travel and events industry.
Myat Pann Eain
Tourism and Business Events
I thought taking Business Administration as my major at Mae Fah Luang University was a bad decision until I slowly discovered how broadly the major covers across different fields. As a BA student, I get to learn the basics of accounting, finance, management, and economics in my early years and more advanced levels later on. It focuses on teaching students how to think, communicate, collaborate, and most importantly lead. During your time at MFU as a BA student, you’ll hear people say, “A jack of all trades is a master of none” as a joke, but you must keep in mind that “A jack of all trades is a master of none but oftentimes is better than a master of one”.
Thaung Htoo Zaw
Business Administration
Note on exchange rates: The values in MMK are estimates calculated using a default rate of ฿1 ≈ ₭130 MMK. Exchange rates change from time to time, so please check with your preferred exchange service for the most accurate current rates before making financial plans.
◾High School Equivalent (GED, IGCSE-A Level, Myanmar Matriculation, etc.)
◾English Proficiency Test (IELTS or TOEFL)
◾Porfolio
◾Statement of Purpose
◾Recommendation Letters စတာတွေ လိုအပ်ပါတယ်။
◾English Test မရှိတဲ့သူများက MFU Placement Test ကို ဖြေဆိုနိုင်ပါတယ်။
MFU ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ တည်ရှိပါတယ်။ ချင်းရိုင်မြို့ဟာ အေးချမ်းပြီး သဘာဝတရားတွေနဲ့ လှပတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ပေမယ့် သန့်ရှင်းတဲ့လေထု၊ တောင်တန်းရှုခင်း၊ တိတ်ဆိတ်တဲ့လူနေမှုဘဝ၊ သက်သာတဲ့ ကုန်ကျစရိတ်တွေ ရရှိနိုင်ပါတယ်။ Bangkok ထက် ပိုပြီး Slow-living ဖြစ်တဲ့အတွက် ပညာရေးကို အာရုံစိုက်ပြီး လုပ်ရတာ ပိုလွယ်ပါတယ်။ ကျောင်းတွင်းမှာလည်း ကျောင်းသားတိုင်း အသုံးပြုနိုင်မယ့် Student Accessible Tools တွေ အပြည့်အစုံ ရှိပါတယ်။
Golden Triangle – Thailand, Laos, Myanmar Borders ဆုံရာ Famous Tourist Area
White Temple (Wat Rong Khun) – Chiang Rai ရဲ့ Most Famous Landmark
Central Chiang Rai – Main Shopping Mall & Lifestyle Area
Mae Fah Luang – Chiang Rai International Airport – Domestic Flights အတွက် အဆင်ပြေပါတယ်။
University Map
Estimated Tuition per Year
– ฿156,000
per academic year
Programs Offered
Application Schedule
No upcoming rounds. Click "+5 closed" to view past rounds.
University detail sponsor
Reach Myanmar students researching Thai universities.
Labeled as sponsored — never affects our listings or advice.300 x 250
Ready to get started?
Was this page helpful?