Funding your
future path.
Real scholarships. Real deadlines. No agent fees, no hidden catches. We list only what we have verified so your time is not wasted.
11 scholarships
KMUTNB
KMUTNB Engineering Tuition-waived Scholarships
KMUTNB ရဲ့ Engineering မေဂျာ (၆) ခုအတွက် ပေးတဲ့ Tuition Fees Waiver ပညာသင်ဆု
Thammasat University
Thammasat International Student Recruitment (TISR)
မြန်မာကျောင်းသားတွေကြား နာမည်ကြီးတဲ့ ပညာသင်ဆု ပရိုဂရမ်ဖြစ်ပါတယ်။ Ranking မြင့်တဲ့ Thammasat University ကနေ ပေးတာဖြစ်ပြီး ပြိုင်ဆိုင်မှုလည်းများသလို ရွေးချယ်မှုလည်း ကြပ်ပါတယ်။
Khon Kaen University
KKU Active Recruitment Scholarship
လူသိနည်းတဲ့ KKU ရဲ့ Scholarship ပါ။ Khon Kaen University ဆိုတာ Thailand Universities Ranking မှာ 1-5 အတွင်း နှစ်တိုင်းရှိနေပေမယ့် မြန်မာကျောင်းသားတွေကြားထဲ လူသိနည်းကြပါတယ်။
KMUTT
KMUTT Presidential International Scholarship Program (PISP)
KMUTT School of Architecture & Design (SoA+D) က ပရိုဂရမ် (၆) ခုမှာတက်မယ့် နိုင်ငံတကာကျောင်းသားတွေအတွက်ပေးတဲ့ ပညာသင်ဆု
Chulalongkorn University
CHULA ISE Scholarships
ထိုင်းနိုင်ငံရဲ့ နှစ်စဉ် Ranking (1) တက္ကသိုလ် Chulalongkorn University ရဲ့ International School of Engineering (ISE) က ပေးတဲ့ Full and Tuition Scholarships
KMUTT
Multi Intellectual Scholarship (MIS) KMUTT
MIS က ဗီယက်နမ် လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာက ကျောင်းသားကျောင်းသူတွေကိုပေးတဲ့ ပညာသင်ဆုပါ။ ပေးတဲ့အရေအတွက် အရမ်းနည်းပြီး Competitive အရမ်းဖြစ်ပေမယ့် ကိုယ့်အရည်အချင်းကို ယုံတယ်ဆိုရင် လျှောက်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုရင် ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) နည်းပညာတက္ကသိုလ်က Fully Funded ပေးတာကြောင့်ပါ။
Kasetsart University Sriracha Campus
ASEAN+6 & European Scholarships at KUSRC
မြန်မာအပါအဝင် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ထိုင်းထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ Kasetsart Univeristy - Sriracha Campus မှာ ပညာသင်ဆု + ထောက်ပံ့ကြေး အပြည့်အစုံနဲ့ ပညာသင်ယူနိုင်မယ့်အခွင့်အရေး
Chulalongkorn University
CHULA EBA Scholarship
ထိုင်းနိုင်ငံရဲ့ ထိပ်ဆုံးအဆင့်တက္ကသိုလ် Chulalongkorn University မှာ Economic တက်ချင်သူတွေအတွက် ပေးတဲ့ Faculty Scholarship
Mae Fah Luang University
MFU Partial Scholarships for ASEAN Students 2026
Fresher တွေထဲကမှ တစ်နှစ်ကို (၄) ယောက် သို့မဟုတ် (၅) ယောက်အထိ ပေးတဲ့ ပညာသင်ဆုပါ။ Tuition Fees Waiver ကို လေးနှစ်စာပေးတာဖြစ်ပြီး မြန်မာကျောင်းသားအများစု ရရှိထားပါတယ်။
KMITL
KMITL Academic Excellence Freshmen Scholarships
Engineering တက္ကသိုလ်တွေထဲမှာ ပညာသင်ဆုအပေးများဆုံး တက္ကသိုလ်ဖြစ်ပါတယ်။ 50%, 75%, 100% Tuition Fees Waiver ပညာသင်ဆုတွေ ရရှိနိုင်မှာပါ။ မြန်မာကျောင်းသားအများစု ရရှိထားတဲ့ ပညာသင်ဆုလည်း ဖြစ်ပါတယ်။
Suranaree University of Technology
SUT Royal Scholarship
မေဂျာလေးခုအတွက် တစ်နှစ်ကို အယောက် (၂၀) ပညာသင်ဆု ပေးပါတယ်။ လေးနှစ်စာ Tuition Fees အပြည့်ရမယ့်အပြင် လစဥ်ထောက်ပံ့ကြေး ဘတ် ၁၀,၀၀၀ စီ၊ အဆောင်လခ အခမဲ့၊ ကျန်းမာရေးအာမခံကြေး စသဖြင့် အပြည့်အဝ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။