
ထိုင်းနိုင်ငံရှိ Mae Fah Luang University (MFU) မှာ 2026 Academic Year (Second Semester) အတွက် International Bachelor's Degree လျှောက်ထားမှုကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
MFU ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Public University များထဲက တစ်ခုဖြစ်ပြီး English-Medium Programs များစွာကို ဖွင့်လှစ်ထားပါတယ်။ လှပကျယ်ဝန်းတဲ့ Campus၊ နိုင်ငံတကာကျောင်းသားများနှင့် သင်ယူနိုင်တဲ့ Environment၊ Industry-Oriented Curriculum တွေကြောင့် နိုင်ငံတကာကျောင်းသားများအတွက် ရေပန်းစားတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
Admission Schedule
Round 1
Application Period: 1 July – 31 July 2026
Result Announcement: 11 August 2026
Round 2
Application Period: 1 August – 31 August 2026
Result Announcement: 11 September 2026
Round 3
Application Period: 1 September – 30 September 2026
Result Announcement: 14 October 2026
Round 4
Application Period: 1 October – 31 October 2026
Result Announcement: 10 November 2026
လိုအပ်သော Documents
Passport
High School Graduation Certificate
High School Transcript
Statement of Purpose (SOP)
English Proficiency Test (IELTS / TOEFL / TOEIC စသည်)
English Test မရှိပါက Placement Test ဖြေဆိုနိုင်ပါတယ်
ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
GED, IGCSE, A-Level, High School Diploma နှင့် အခြားအထက်တန်းအောင်လက်မှတ်များဖြင့် International Student အဖြစ် လျှောက်ထားနိုင်ပါတယ်။ Program အလိုက် ဝင်ခွင့်လိုအပ်ချက်များ ကွဲပြားနိုင်သောကြောင့် မိမိလျှောက်ထားမည့် Major ၏ Admission Requirements ကို သေချာစစ်ဆေးရန် အကြံပြုလိုပါတယ်။
အကြံပြုချက်
Applications များကို Round အလိုက် Review ပြုလုပ်ပြီး Seats ပြည့်သွားပါက အချို့ Program များကို စောစီးစွာပိတ်နိုင် သောကြောင့် Documents များ အသင့်ရှိပါက Round 1 တွင် လျှောက်ထားခြင်းက အခွင့်အလမ်းပိုကောင်းစေနိုင်ပါတယ်။
MFU အကြောင်း အသေးစိတ်ဖတ်ရှုရန်
👉 https://www.lanngyaung.org/universities/mae-fah-luang-university
Lann Gyaung – The Pathway မှ Thailand Universities များ၏ Admission၊ Scholarship၊ Major ရွေးချယ်ခြင်းနှင့် Application Guide များကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်ပါသည်။ Page ကို Follow လုပ်ထားပြီး နောက်ထပ် University Admission Updates များကို လက်မလွတ်စေနဲ့နော်။
Previous
ဆေးပညာစိတ်ဝင်စားသူများအတွက် ထိုင်းနိုင်ငံက ပညာသင်ဆုတစ်ခု
Next
SIIT Outstanding Student Program (OSP) 2027 စကော်လားရှစ်တွေ စဖွင့်ပါပြီ


