

ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်မယ်ဆိုရင် လူအများစုက ဘန်ကောက်မြို့က တက္ကသိုလ်တွေကို အရင်စဉ်းစားတတ်ကြပါတယ်။ ဒါပေမယ့် မြန်မာကျောင်းသားတော်တော်များများ မသိကြသေးတဲ့ Hidden Gem University တစ်ခုရှိပါတယ်။ Prince of Songkla University ဟာ ထိုင်းတောင်ပိုင်းမှာ အရေးပါတဲ့ Public Research University တစ်ခုဖြစ်ပါတယ်။ Science, Technology နှင့် Medical ပိုင်းများမှာ နာမည်ကြီးပြီး International Collaborations များလည်း ရှိပါတယ်။
Innovation Technology
Computing & IT
Computer Science · Software Engineering · Data Science · AI · Cybersecurity
International Business
Business & Economics
Business Admin · Accounting · Finance · Marketing · International Business · Economics
Tourism
Tourism & Hospitality
Hotel Management · Tourism · Culinary Arts · Event Management · Aviation
Hospitality
Tourism & Hospitality
Hotel Management · Tourism · Culinary Arts · Event Management · Aviation

QS World Ranking
#851

Times Higher Education
#1201
ထိုင်းတက္ကသိုလ်ကျောင်းသားဘဝကို ပင်လယ်ကမ်းခြေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင်တော့ Prince of Songkla University (PSU) က စဉ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုပါ။
PSU ဟာ ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ အကြီးမားဆုံးနဲ့ လေးစားမှုအရှိဆုံး တက္ကသိုလ်ဖြစ်ပြီး Academic Quality, Research, Student Life အားလုံး Balanced ဖြစ်ပါတယ်။
PSU ရဲ့ ထူးခြားတဲ့အချက်တစ်ခုက International Diversity ပါ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်တဲ့အတွက်
◾ASEAN students
◾Muslim students
◾International communities တွေ အတော်များပါတယ်။ ဒါကြောင့် မြန်မာကျောင်းသားတွေအတွက် Cultural adjustment လုပ်ရ ပိုလွယ်နိုင်ပါတယ်။ Halal food options တွေလည်း ရှာရလွယ်ပါတယ်။
Bangkok universities တွေနဲ့ ယှဉ်ရင် PSU student life က
◾Less stressful
◾More relaxed
◾More nature-connected ဖြစ်ပါတယ်။
Campus atmosphere က စိမ်းလန်းပြီး Hat Yai City ကလည်း Student-friendly ဖြစ်ပါတယ်။
PSU ရဲ့ ကောင်းကျိုးအကြီးဆုံးတစ်ခုက နေထိုင်ကုန်ကျစရိတ် သက်သာတာပါ။ Dormitory fees, Apartments, Food costs, Transportation တွေက Bangkok ထက် ယေဘုယျအားဖြင့် ပိုသက်သာနိုင်ပါတယ်။ ဒါကြောင့် မြန်မာကျောင်းသားတွေအတွက် ငွေရေးကြေးရေးဖိအားကို လျော့နိုင်ပါတယ်။
PSU ဟာ အထူးသဖြင့်
◾Hospitality & Tourism
◾Environmental Science
◾Business Administration နယ်ပယ်တွေမှာ နာမည်ကြီးပါတယ်။
မြန်မာကျောင်းသားကျောင်းသူတွေအကြား ရေပန်းစားမှုနည်းတဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် မြန်မာ Community ကတော့ မကျယ်ပြန့်ပါဘူး။
ကမ်းခြေတွေနဲ့ နီးတဲ့နေရာဖြစ်ပေမယ့် အခွင့်အလမ်း ပိုပြီးပေါများတဲ့ မြို့ပြနဲ့တော့ ဝေးကွာပါတယ်။
Note on exchange rates: The values in MMK are estimates calculated using a default rate of ฿1 ≈ ₭130 MMK. Exchange rates change from time to time, so please check with your preferred exchange service for the most accurate current rates before making financial plans.
◾High School Equivalent (GED, IGCSE-A Level, Myanmar Matriculation, etc.)
◾English Proficiency Test (IELTS, TOEFL, Duolingo, etc.)
TOEFL iBT no less than 61 or
TOEFL PBT/ITP no less than 500 or
IELTS no less than 5
◾Standardized Test
◾Portfolio
◾Statement of Purpose
◾Recommendation Letters
PSU မှာ Campus (၅) ခု ရှိတဲ့အနက် နိုင်ငံတကာကျောင်းသားတွေ တက်ရောက်နိုင်မယ့် Campus (၄) ခု ရှိပါတယ်။
Hat Yai, Songkhla Province campus က PSU ရဲ့ အကြီးဆုံးနဲ့ အဓိက Campus ဖြစ်ပါတယ်။
◾Modern university lifestyle နဲ့ Green & large campus ကို ခံစားနိုင်မှာပါ။
Hat Yai city က Student-friendly ဖြစ်ပြီး စျေးသက်သာတာကြောင့် ကျောင်းသားအများစုအတွက် Comfortable ဖြစ်နိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး Tourist Attraction ဖြစ်တဲ့ ဖူးခက်မြို့ပေါ်က PSU Phuket campus ဟာ အထူးသဖြင့်
◾Hospitality & Tourism
◾International Business
◾Marine-related studies နယ်ပယ်တွေမှာ လူသိများပါတယ်။
Beach vibes, international tourists, Modern Island lifestyle နဲ့ English usage များတာကြောင့် Tourism industry ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် အသင့်တော်ဆုံး အတွေ့အကြုံတွေ ရနိုင်ပါတယ်။
PSU Pattani campus က ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ ယဥ်ကျေးမှုကို အပြည့်အဝခံစားရနိုင်တဲ့ Campus တစ်ခုပါ။ အထူးသဖြင့် Humanities, Social Sciences, Education နယ်ပယ်တွေမှာ လူသိများပါတယ်။
ဒီ campus က ထိုင်းတောင်ပိုင်းရဲ့ Peaceful Areas ထဲမှာ တည်ရှိပါတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် သဘာဝလူနေမှုစနစ်နဲ့အတူ လူနေမထူထပ်ပဲ ပညာရေးကို အာရုံစိုက်လုပ်ချင်တဲ့ ကျောင်းသားတွေအတွက် သင့်တော်ပါတယ်။
University Map
Estimated Tuition per Year
– ฿150,000
per academic year
Programs Offered
University detail sponsor
Reach Myanmar students researching Thai universities.
Labeled as sponsored — never affects our listings or advice.300 x 250
Ready to get started?
Was this page helpful?