

ထိုင်းနိုင်ငံရဲ့ Engineering University ထဲမှာ နံပါတ် (၁) တက္ကသိုလ်ဖြစ်တဲ့ King Mongkut's University of Technology Thonburi (KMUTT) ဟာ Innovation နဲ့ Research ပိုင်းမှာ အားကောင်းတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ Engineering နဲ့ Technology ပိုင်းမှာ အရည်အသွေးမီ အဆင့်မြင့်သင်ကြားမှုနဲ့ International Partnerships များစွာလည်း ရှိပါတယ်။ ခေတ်မီ Modern Learning Environment နဲ့ သုတေသနကို ဦးစားပေးတာတွေကြောင့် မြန်မာကျောင်းသားတွေကြားထဲ နာမည်ကြီးပါတယ်။ စာနဲ့ပတ်သက်ပြီး Serious ဖြစ်တာကြောင့် စာတော့ တော်တော်လုပ်ရတဲ့ ပတ်ဝန်းကျင် ရှိပါတယ်။
Engineering
Engineering
Civil · Electrical · Mechanical · Chemical · Industrial · Petroleum
Computer Science
Computing & IT
Computer Science · Software Engineering · Data Science · AI · Cybersecurity
Architecture
Architecture & Design
Architecture · Interior Design · Urban Planning · Landscape · Industrial Design
Communication Arts/ Design
Arts & Humanities
Fine Arts · Communication · Linguistics · Music · Media · Film · Graphic Design

QS World Ranking
#901

Times Higher Education
#801
University Achievement Highlights
King Mongkut's University of Technology Thonburi (KMUTT) ဟာ ထိုင်းနိုင်ငံရဲ့ Leading Technology Universities တွေထဲက တစ်ခုဖြစ်ပြီး အထူးသဖြင့် Engineering, Technology, AI, Computer Science, Innovation Fields တွေမှာ အားကောင်းပါတယ်။ Research နဲ့ Innovation ကို အဓိကထားတဲ့ တက္ကသိုလ်တစ်ခုဖြစ်လို့ အင်ဂျင်နီယာဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် အလွန်ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။
KMUTT ဟာ Mechanical, Computer, Chemical, Electrical Engineering စတဲ့ နယ်ပယ်တွေမှာ နာမည်ကြီးပြီး နိုင်ငံတကာချိတ်ဆက်မှု အားကောင်းပါတယ်။
ခေတ်မီတဲ့ Modern Laboratories များ
Research Projects & Innovation Programs များ
Startup & Technology Development အခွင့်အလမ်းများ ရှိပါတယ်။
Engineering, IT, Architecture, Design နဲ့ ပတ်သက်တဲ့ English-taught Programs များစွာရှိပြီး နိုင်ငံတကာကျောင်းသားတွေ တက်ရောက်နေပါတယ်။
Practical ဦးစားပေးတာကြောင့် ကျောင်းသားတွေအနေနဲ့ Internship, Co-op Programs နဲ့ Real Industry Experience များ ရနိုင်ပါတယ်။
Digital Learning Systems, Smart Classrooms, Maker Spaces စတာတွေနဲ့ ပြည့်စုံစွာတည်ရှိပြီး ခေတ်မီတဲ့ သင်ကြားရေးစနစ်တွေနဲ့ ထိတွေ့နိုင်မှာပါ။
ထိပ်တန်းကျောင်းသားတွေ အများကြီးရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ ပညာရေးဖိအားများပြီး စာတွေအများကြီးလုပ်ရပါတယ်။
Engineering & Technology ကို အဓိကထားတဲ့ တက္ကသိုလ်ဖြစ်တာကြောင့် ဖ်ိအားနည်းပြီး စိတ်အေးလက်အေးဖြစ်တဲ့ ကျောင်းသားဘဝမျိုး မရနိုင်ပါဘူး။
Bangmod Campus သည် Central Bangkok (Siam/Sukhumvit) မှ အနည်းငယ်ဝေးနိုင်သောကြောင့် Daily Commute ကို စဉ်းစားသင့်ပါတယ်။
Research-focused University ဖြစ်သောကြောင့် Independent Study, Problem-solving နှင့် Project Management Skills များ လိုအပ်နိုင်ပါတယ်။
Note on exchange rates: The values in MMK are estimates calculated using a default rate of ฿1 ≈ ₭130 MMK. Exchange rates change from time to time, so please check with your preferred exchange service for the most accurate current rates before making financial plans.
▪️High School Equivalent (GED, IGCSE-A Level, Grade-12, etc.)
▪️English Proficiency Test (IELTS, TOEFL, Duolingo, etc.)
▪️SAT, ACT (Optional)
▪️Portfolio
▪️Statement of Purpose
▪️Recommendation Letters
KMUTT ရဲ့ Main campus ဟာ ဘန်ကောက်မြို့တောင်ပိုင်း Bangmod မှာ တည်ရှိပါတယ်။
Bus, Taxi, Grab အသုံးပြုပြီး သွားလာလွယ်ကူပါတယ်။ Train တော့ တိုက်ရိုက် မရောက်ပါဘူး။
Affordable food courts
Student dormitories
Modern study spaces & laboratories တွေ ရှိပါတယ်။
University Map
Estimated Tuition per Year
– ฿262,500
per academic year
Programs Offered
University detail sponsor
Reach Myanmar students researching Thai universities.
Labeled as sponsored — never affects our listings or advice.300 x 250
Ready to get started?
Was this page helpful?